ဟင်္သာတ တက္ကသိုလ်အနီးက အလုံပိတ်အခန်းများနှင့် facebook ပေါ်မှ ရိုက်ခတ်သံ

20 July 2016 10:19(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)

Photo credit: Tha Khingyi /Win Min Phyo
 ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ ဟင်္သာတတက္ကသိုလ် အနီး မြို့ ပါတ်လမ်းမှာ နှစ်ယောက်တွဲ အလုံပိတ် အခန်းများ ဖွင့်၍ စားသောက်ဆိုင်ဟု အမည်ခံကာ လုပ်ကိုင်စားနေသည့် ဆိုင်များအား အရေးယူပေးဖို့ တောင်းဆိုချက်တွေ ယနေ့  ဇူလိုင်လ (၂၀)ရက်နေ့ မှာ အင်တာနက် လူမှုကွန်ယက်မှာ ပျံနှံလာပါတယ်။


ဓါတ်ပုံနဲ့ တကွ တင်ပြထားတဲ့ စားသောက်ဆိုင်တွေကတော့ Golden Mon / New Light / True Love / Nice / Imperial / Cupid နဲ့ လမင်းအိမ် ဆိုင်များ ဖြစ်ပါတယ်။ အဲဒီဆိုင်တွေ အမြန်ဆုံးဖျက် အရေးယူပေးဖို့ တာဝန်ရှိသူတွေကို မေတ္တာရပ်ခံ အသိပေး တိုင်းတန်းတယ်လို့ ဆိုပါတယ်။

Comments