· TNLA အဖြဲ႕၏ အဓမၼလူသစ္စုေဆာင္းျခင္း၊ ဆက္ေၾကးေကာက္ခံျခင္းမ်ားေၾကာင့္ ေဒသခံျပည္သူမ်ား ထြက္ေျပးတိမ္းေရွာင္ေနရ
ေနျပည္ေတာ္၊ ဇူလိုင္ ၂၆
မႏၲေလးတုိင္းေဒသႀကီး၊ မုိးကုတ္ၿမိဳ႕နယ္၊ ပိန္းျပစ္(အထက္)ေက်းရြာသို႔ ဇူလိုင္ ၂၅ ရက္ ည ၇ နာရီခန္႔တြင္ TNLA အဖြဲ႕မွ ရင္းမွဴးအဆင့္ရွိ ဂ်ဳိကာ ဦးစီး အင္အား ၃၀ ဦးခန္႕သည္ ေက်းရြာအတြင္းသို႔ ၀င္ေရာက္၍ ကေလးလူငယ္ရြာသား ၂၅ ဦးအား အတင္းအဓမၼေခၚေဆာင္သြားၿပီး ေက်းရြာမွ
ဆန္ႏွင့္စားေသာက္ဖြယ္ရာမ်ား ေတာင္းယူသြားခဲ့သည္။ ၎ျပင္ ရြာအစြန္၌ လံုၿခံဳေရးယူထားေသာ ရဲကင္းအား လက္နက္ငယ္ျဖင့္ ၃ ခ်က္ ပစ္ခတ္ခဲ့၍ အေရွ႕ေတာင္ဘက္သို႔ ထြက္ခြာသြားၿပီး ည ၁၀ နာရီခန္႕တြင္ ၎အဖြဲ႕သည္ စုစည္းအင္အား ၆၀ ဦးခန္႔ျဖင့္ ဟုိ၀ိတ္ေက်းရြာ၊ ၀ကၤပါေက်းရြာ၊ ေက်ာင္းခမ္းေက်းရြာမ်ားသို႔ ျဖန္႔ခြဲ၀င္ေရာက္လာကာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ၃ ဦးႏွင့္ ရြာသား ၉ ဦးအား ထပ္မံဖမ္းဆီး ေခၚေဆာင္သြားရာ အုပ္ခ်ဳပ္ေရးမွဴး ၁ ဦးႏွင့္ ရြာသား ၆ ဦးမွာ ျပန္လည္ထြက္ေျပး လြတ္ေျမာက္လာခဲ့ေၾကာင္း သိရွိရသည္။
ယခင္ကလည္း မုိးကုတ္ၿမိဳ႕နယ္၊ ပိန္းျပစ္(အထက္) ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံသို႔ TNLA အဖြဲ႕က ဇြန္ ၂၄ ရက္ ေန႔လယ္ပိုင္းတြင္ ဖုန္းျဖင့္ဆက္သြယ္၍ ပိန္းျပစ္(အထက္)ရြာမွ လူသစ္ ၂၃ ဦး၊ ပိန္းျပစ္(ေအာက္ရြာ)ေက်းရြာမွ လူသစ္ ၂၁ ဦး၊ စုစုေပါင္း လူသစ္ ၄၄ ဦးႏွင့္ ဆက္ေၾကးေငြ က်ပ္သိန္း ၄၀ အား ပါလိုင္ေက်းရြာသို႔ အျမန္လာေရာက္ေပးပုိ႔ရန္ ၿခိမ္းေျခာက္အေၾကာင္းၾကားခဲ့သျဖင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက အဆုိပါပိန္းျပစ္ ေက်းရြာတစ္၀ိုက္သ႔ို႔ နယ္ေျမရွင္းလင္းေဆာင္ရြက္ခဲ့ရသည္။
အဆိုပါ TNLA အဖြဲ႕၏ အဓမၼလူသစ္စုေဆာင္းမႈေၾကာင့္ ဇူလုိင္ ၂၅ ရက္ ညပိုင္း မွ ၂၆ ရက္ေန႕အထိ ပိန္းျပစ္(အထက္)ေက်းရြာမွ တိမ္းေရွာင္လာေသာ ေဒသခံျပည္သူ အိမ္ေထာင္စု ၂၇ စု၊ က်ား ၂၅ ဦး၊ မ ၂၈ ဦး၊ကေလး ၃၉ ဦး၊ စုစုေပါင္း ၉၂ ဦးတုိ႕အား မိုးကုတ္ၿမိဳ႕နယ္၊ ေရွာလီ၀ိုင္းအုပ္စု ၊ အေရွ႕ရြာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ေခတၱေနရာခ်ထားေပးလ်က္ရွိၿပီး ယင္းေဒသခံျပည္သူမ်ားအား နယ္ေျမခံတပ္မွ လိုအပ္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ကူညီေစာင့္ေရွာက္လ်က္ရွိၿပီး ၎တုိ႔ႏွင့္ နီးစပ္ရာေဆြမ်ဳိးမ်ား၊ ေစတနာရွင္မ်ားႏွင့္ အေရွ႕ရြာဘုန္းေတာ္ႀကီးေက်ာင္းတုိ႔မွလည္း စားေသာက္ဖြယ္ရာမ်ား ကူညီေပးအပ္ထားေၾကာင္း သိရသည္။
အလားတူ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕နယ္ ၊ ၁၀၅ မုိင္အနီး မုိင္းယု ေက်းရြာသို႔ ဇူလုိင္ ၂၄ ရက္ ညေန ၄ နာရီခြဲခန္႔တြင္ TNLA အဖြဲ႕မွ အင္အား ၁၀ ဦးခန္႔သည္ အရပ္၀တ္ျဖင့္ ေမာ္ေတာ္ယာဥ္(ယာဥ္ငယ္) ၂ စီး၊ ဆုိင္ကယ္ ၃ စီးျဖင့္ ေက်းရြာအတြင္းရွိ ဦးေမာင္ဆုိင္ အိမ္အတြင္း၀င္ေရာက္လာၿပီး ဦးေမာင္ဆုိင္အပါအ၀င္ ဦးညီလုပ္၊ ဦးညီခန္႔၊ ေမာင္ေက်ာ္ေက်ာ္ေထြး၊ ေဒၚေဆးဆိ၊ ေဒၚယံု၊ ေဒၚထြန္း စုစုေပါင္း ၇ ဦးအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ကာ ၎ရြာ၏ အေနာက္ဘက္ ကြင္းေရွာင္လမ္းအတိုင္း ထြက္ခြာခဲ့ရာ ညေန ၅ နာရီခြဲခန္႔တြင္ ေတာင္ယာကြင္းသို႔ေရာက္ရွိၿပီး ပေလာင္တုိင္းရင္းသား ၅ ဦးျဖစ္သည့္ ဦးအုိက္ျမတ္၊ ဦးအုိက္ရီ၊ ဦးအုိက္က်န္၊ ဦးေအာင္ေဖႏွင့္ ဦးယီလံုတို႔အား ထပ္မံဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရွိရသည္။
TNLA အဖြဲ႕မွ လူသစ္စုေဆာင္း ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ အဆုိပါျဖစ္စဥ္ျဖစ္ပြားသည့္ ၿမိဳ႕နယ္၊ ေက်းရြာမ်ားႏွင့္ ပတ္၀န္းက်င္ေနရာမ်ားသို႔ တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပည္သူလူထု၏ အသက္အုိးအိမ္စည္းစိမ္ ကာကြယ္ေစာင့္ေရွာက္ေရးအတြက္ နယ္ေျမရွင္းလင္းေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
(Unicode Version)
TNLA အဖွဲ့၏ အဓမ္မလူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
နေပြည်တော်၊ ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်(အထက်)ကျေးရွာသို့ ဇူလိုင် ၂၅ ရက် ည ရ နာရီခန့်တွင် TNLA အဖွဲ့မှ ရင်းမှူးအဆင့်ရှိ ဂျိုကာ ဦးစီး အင်အား ၃၀ ဦးခန့်သည် ကျေးရွာအတွင်းသို့ ၀င်ရောက်၍ ကလေးလူငယ်ရွာသား ၂၅ ဦးအား အတင်းအဓမ္မခေါ်ဆောင်သွားပြီး ကျေးရွာမှ ဆန်နှင့်စားသောက်ဖွယ်ရာများ တောင်းယူသွားခဲ့သည်။ ၎င်းပြင် ရွာအစွန်၌ လုံခြုံရေးယူထားသော ရဲကင်းအား လက်နက်ငယ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့၍ အရှေ့တောင်ဘက်သို့ ထွက်ခွာသွားပြီး ည ၁၀ နာရီခန့်တွင် ၎င်းအဖွဲ့သည် စုစည်းအင်အား ၆၀ ဦးခန့်ဖြင့် ဟို၀ိတ်ကျေးရွာ၊ ၀င်္ကပါကျေးရွာ၊ ကျောင်းခမ်းကျေးရွာများသို့ ဖြန့်ခွဲဝင်ရောက်လာကာ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦးနှင့် ရွာသား ၉ ဦးအား ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားရာ အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ရွာသား ၆ ဦးမှာ ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။
ယခင်ကလည်း မိုးကုတ်မြို့နယ်၊ ပိန်းပြစ်(အထက်) ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ TNLA အဖွဲ့က ဇွန် ၂၄ ရက် နေ့လယ်ပိုင်းတွင် ဖုန်းဖြင့်ဆက်သွယ်၍ ပိန်းပြစ်(အထက်)ရွာမှ လူသစ် ၂၃ ဦး၊ ပိန်းပြစ်(အောက်ရွာ)ကျေးရွာမှ လူသစ် ၂၁ ဦး၊ စုစုပေါင်း လူသစ် ၄၄ ဦးနှင့် ဆက်ကြေးငွေ ကျပ်သိန်း ၄၀ အား ပါလိုင်ကျေးရွာသို့ အမြန်လာရောက်ပေးပို့ရန် ခြိမ်းခြောက်အကြောင်းကြားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက အဆိုပါပိန်းပြစ် ကျေးရွာတစ်ဝိုက်သိ့ု့ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရသည်။
အဆိုပါ TNLA အဖွဲ့၏ အဓမ္မလူသစ်စုဆောင်းမှုကြောင့် ဇူလိုင် ၂၅ ရက် ညပိုင်း မှ ၂၆ ရက်နေ့အထိ ပိန်းပြစ်(အထက်)ကျေးရွာမှ တိမ်းရှောင်လာသော ဒေသခံပြည်သူ အိမ်ထောင်စု ၂၇ စု၊ ကျား ၂၅ ဦး၊ မ ၂၈ ဦး၊ကလေး ၃၉ ဦး၊ စုစုပေါင်း ၉၂ ဦးတို့အား မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်းအုပ်စု ၊ အရှေ့ရွာ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တနေရာချထားပေးလျက်ရှိပြီး ယင်းဒေသခံပြည်သူများအား နယ်မြေခံတပ်မှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကူညီစောင့်ရှောက်လျက်ရှိပြီး ၎င်းတို့နှင့် နီးစပ်ရာဆွေမျိုးများ၊ စေတနာရှင်များနှင့် အရှေ့ရွာဘုန်းတော်ကြီးကျောင်းတို့မှလည်း စားသောက်ဖွယ်ရာများ ကူညီပေးအပ်ထားကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် ၊ ၁၀၅ မိုင်အနီး မိုင်းယု ကျေးရွာသို့ ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် TNLA အဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် အရပ်ဝတ်ဖြင့် မော်တော်ယာဉ်(ယာဉ်ငယ်) ၂ စီး၊ ဆိုင်ကယ် ၃ စီးဖြင့် ကျေးရွာအတွင်းရှိ ဦးမောင်ဆိုင် အိမ်အတွင်းဝင်ရောက်လာပြီး ဦးမောင်ဆိုင်အပါအဝင် ဦးညီလုပ်၊ ဦးညီခန့်၊ မောင်ကျော်ကျော်ထွေး၊ ဒေါ်ဆေးဆိ၊ ဒေါ်ယုံ၊ ဒေါ်ထွန်း စုစုပေါင်း ရ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ၎င်းရွာ၏ အနောက်ဘက် ကွင်းရှောင်လမ်းအတိုင်း ထွက်ခွာခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် တောင်ယာကွင်းသို့ရောက်ရှိပြီး ပလောင်တိုင်းရင်းသား ၅ ဦးဖြစ်သည့် ဦးအိုက်မြတ်၊ ဦးအိုက်ရီ၊ ဦးအိုက်ကျန်၊ ဦးအောင်ဖေနှင့် ဦးယီလုံတို့အား ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
TNLA အဖွဲ့မှ လူသစ်စုဆောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့် မြို့နယ်၊ ကျေးရွာများနှင့် ပတ်ဝန်းကျင်နေရာများသို့ တပ်မတော်စစ်ကြောင်းများက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးအတွက် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Comments